မန္တလေးတိုင်းဒေသကြီး၌ (၂၀၁၈)ခုနှစ်အတွင်း တရားမဝင်သစ်တန်ချိန် (၁၈၀၀)ကျော် ဖမ်းဆီးရမိခဲ့ပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက တန်(၉၀၀)ခန့် လျော့ကျဟုဆို
မန္တလေးတိုင်းဒေသကြီးမှာ ၂၀၁၈ခုနှစ် ဇန်နဝါရီကနေ ဒီဇင်ဘာအထိ တရားမဝင် သစ်တန်ချိန် ၁၈၉၄ ဒသမ ၈၅၈၂ ဖမ်းဆီးရမိခဲ့ပြီး ပြီးခဲ့တဲ့(၂၀၁၇)ခုနှစ်နဲ့နှိုင်းယှဉ်ပါက သစ်ဖမ်းဆီးရရှိမှု တန်(၉၀၀)ဝန်းကျင် လျော့နည်းသွားတယ်လို့ မန္တလေးတိုင်း ဒေသကြီး သစ်တောဦးစီးဌာနက သိရပါတယ်။