နိုင်ငံပိုင် မြန်မာအမျိုးသားလေကြောင်းလိုင်းက ကူမင်း၊ဂယာ၊ဟောင်ကောင်နှင့် ဒူဘိုင်းသို့ လေကြောင်းခရီးစဉ်များ ပျံသန်းနိုင်ရန် စီစဉ်နေ
မြန်မာအမျိုးသားလေကြောင်းလိုင်းက နိုင်ငံအတွင်းနဲ့ အာရှပစိဖိတ်ဒေသတွေကို လေယာဉ် စင်းလုံးငှားခရီးစဉ်ပျံသန်းရာမှာ ကူမင်း အင်ချွန်း နဲ့ စင်ကာပူနိုင်ငံတွေကို cargo ခရီးစဉ်တွေ ငှားရမ်းမှု များပြားကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်းရဲ့ စီအီးအိုဖြစ်သူက ပြောကြားခဲ့ပါတယ်။