ထိုင်းနိုင်ငံမှ နေရပ်ပြန် များအပါအဝင် ပြစ်ဒဏ်မှ လွတ်မြောက်လာသည့် ပြည်နှင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၃ ဦးကို ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ လွှဲပြောင်း (ရုပ်သံ)
ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်ခရိုင် တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေးတံတား အမှတ် ၂ မှာ ဇွန်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ထိုင်းနိုင်ငံမှ မိမိဆန္ဒအလျောက် နေရပ်ပြန်တွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျပြီး ပြစ်ဒဏ်မှလွတ်မြောက်လာတဲ့ ပြည်နှင် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၁၈၃ ဦးကို ထိုင်းနိုင်ငံက မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။