ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ လျှပ်စစ်မီး၊ ပညာရေးနှင့် သောက်သုံးရေ ရှားပါးနိမ့်ကျသည့် ဒေသများတွင် ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို ယခင်ထက် ပိုမိုချပေးသင့်ဟု ချင်းလွှတ်တော်ကိုယ်စားလှယ် အကြံပြု
ဝေးလံခေါင်သီပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ လျှပ်စစ်မီး မရရှိသော၊ သောက်သုံးရေ ရှားပါးသော၊ ပညာရေးနိမ့်ပါးသော ဒေသတွေမှာ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကို အရင်ကထက် ပိုမိုတိုးမြှင့် ချပေးသင့်တယ်လို့ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် ၁၁ မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းက အကြံပြုပြောကြားခဲ့ပါတယ်။