ဧရာဝတီမြစ်ဆုံ စီမံကိန်းများ အပြီးအပိုင် ဖျက်သိမ်းရေးအတွက် မြစ်ကြီးနားမြို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုမှ ဦးဆောင်သူကို ငြိမ်းစုစီဥပဒေပုဒ်မ၂၀ ဖြင့် ဒဏ်ငွေ ကျပ်တစ်သောင်း ချမှတ်
ဧရာဝတီမြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်း ရေကာတာစီမံကိန်းတွေ အပြီးအပိုင် ဖျက်သိမ်းရေးအတွက် မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီလ ၇ ရက်က ပြုလုပ်ခဲ့တဲ့ လူထောင်ချီပါဝင်တဲ့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့မှုမှ ဦးဆောင်သူ ဒေါ်ဂျာခွန်ကို ငြိမ်းစုစီ ဥပဒေပုဒ်မ ၂၀ နဲ့ ဒဏ်ငွေ ကျပ်တစ်သောင်း ချမှတ်ခဲ့တယ်လို့ သိရပါတယ်။