နိုင်ငံတကာအာကာသစခန်းဆီသို့ ရုရှားနှင့် ပူးတွဲပျံသန်းသွားလာမှုများ ပြန်လည်စတင်မည်ဟု အမေရိကန် ပြောကြား
နိုင်ငံတကာအာကာသစခန်း (ISS) ဆီကို ပူးတွဲပျံသန်းသွားလာမှုတွေ ပြန်လည်စတင်သွားမှာဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံတို့က ဇူလိုင်လ ၁၅ ရက်နေ့က ကြေညာခဲ့ရာ ဒါဟာ ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားကို အထီး ကျန်ဖြစ်စေဖို့ အနောက်နိုင်ငံတွေက ကြိုးပမ်းနေချိန်မှာ အမေရိကန်နဲ့ ရုရှားတို့အကြား နောက်ဆုံးကျန်ရှိတဲ့ ပူးပေါင်းဆောင်ရွက် မှု နယ်ပယ်တွေထဲက တစ်ခုကို ဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။