အိန္ဒိယတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ နှစ်ဘီလျံ အထိ ရောက်ရှိ
အိန္ဒိယနိုင်ငံမှာ လေးလအတွင်း နေ့အလိုက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အမြင့်ဆုံးအထိ ရောက်ရှိခဲ့ချိန်မှာ အရွယ်ရောက်ပြီး သူတွေအားလုံးအတွက် ထပ်တိုးကာကွယ်ဆေးထိုးနှံပေးနေမှုနဲ့ အတူ ဇူလိုင် ၁၇ ရက်မှာ အစိုးရရဲ့ COVID-19 ကာကွယ်ဆေး ထိုးနှံပြီးသူ နှစ်ဘီလျံအထိ ရောက်ရှိသွားခဲ့တယ်လို့ တရားဝင်ထုတ်ပြန်တဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။









