ကြားနေဝါဒ ကျင့်သုံးသော နိုင်ငံဖြစ်သဖြင့် ယူကရိန်းစစ်ပွဲ၌ ထိခိုက်ဒဏ်ရာရခဲ့သော လူနာများကို ဆွစ်ဇာလန်ဆေးရုံများက လက်မခံဟု ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်
ယူကရိန်းတွင် ရုရှားဆင်နွှဲနေသော စစ် ပွဲမှ လူနာများကို ဆွစ်ဇာလန်ဆေးရုံများတွင် ကုသပေးမည်မဟုတ်ဟု ဇူလိုင် ၁၈ ရက်တွင် ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်လိုက်ပြီး ယခု ကဲ့သို့ ထုတ်ပြန်ရခြင်းမှာ ဆွစ်ဇာလန်စစ်တပ် ၏ ကြားနေဝါဒကြောင့်လည်းကောင်း၊ ဒဏ် ရာရသူများထဲတွင် အရပ်သားများကို ခွဲခြား ရာ$ အခက်အခဲများရှိခြင်းကြောင့်လည်း ကောင်း ဖြစ်သည်ဟု ဖော်ပြခဲ့သည်။