ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း သုံးဦးနှင့် ရှောင်တာနယ်တို့ကို လျှ့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ပြန်ခေါ်သက်သေအဖြစ် ဒုရဲမှူးကြီးတစ်ဦးအား စစ်ဆေး
ဇူလိုင် ၂၈ ရက်က နေပြည်တော်အချုပ် ထောင်ရှိ အထူးတရားရုံးတွင် မြန်မာနိုင်ငံအစိုးရလျှ့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) ဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်း စုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော် ဝင်းနှင့် ဒုတိယဝန်ကြီးဟောင်း ဦးဆက် အောင်၊ သြစတြေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်တို့ကို ရုံးထုတ်ခဲ့ကြောင်း သိရသည်။