NLD အစိုးရလက်ထက် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၀ ဦးနှင့် နစကလက်ထက် ခန့်အပ်ခဲ့သည့် ပုဂ္ဂိုလ် ၂၂ ဦးအား အဂတိဖြင့် အမှုဖွင့်ထား
၂၀၂၁ ခုနှစ်၊ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ NLD အစိုးရလက်ထက် နိုင်ငံရေးရာထူး လက်ရှိဖြစ်သူ ၆၀ ဦးနဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက် ခန့်အပ်တဲ့ ပုဂ္ဂိုလ် ၂၂ ဦးကို နိုင်ငံတော်ရဲ့ ငွေကြေးနဲ့ ပစ္စည်းနစ်နာဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး အဂတိနဲ့ အမှုဖွင့်ထားတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဇူလိုင် ၂၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။