မကာအိုတွင် ကိုးရက်အတွင်း COVID-19 ကူးစက်မှုဖြစ်စဉ်မရှိသောကြောင့် မြို့ကို ပြန်လည်ဖွင့်လှစ်ရန် စီစဉ်
ကမ္ဘာ့အကြီးဆုံးလောင်းကစားမြို့ဖြစ် သည့် မကာအိုတွင် ကိုးရက်ဆက်တိုက် ကိုရို နာဗိုင်းရပ်စ် ကူးစက်ခံရသူ မရှိကြောင်းတွေ့ရှိ ခဲ့ပြီးနောက် ပုံမှန်အခြေအနေသို့ပြန်လည် ရောက်ရှိရန် ကြိုးပမ်းနေချိန်တွင် အာဏာပိုင် များက ဩဂုတ် ၂ ရက်မှစ၍ ပြည်သူ့ဝန်ဆောင် မှုများနှင့် ဖျော်ဖြေရေးနေရာများကိုပြန်လည် ဖွင့်လှစ်ခွင့်ပြုခဲ့ပြီး စားသောက်ဆိုင်များတွင် ဆိုင်ထိုင်စားသောက်ခွင့် ပြုသွားမည်ဟုထုတ် ပြန်ကြေညာခဲ့သည်။