မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့်စာပိုဒ်အပေါ်လက်မခံပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့်စာပိုဒ်အပေါ်လက်မခံပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 6 August 2022

အာဆီယံနိုင်ငံခြားရေးဝန်ကြီးမျာ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သည့်ကြေညာချက်ပါ မြန်မာနိုင်ငံရေးကိစ္စနှင့်ပတ်သက်သည့် စာပိုဒ်အပေါ် လက်မခံပယ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၃၁ ရက်နေ့ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ ကျင်းပပြုလုပ် ခဲ့တဲ့ (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့်ဆက်စပ်အစည်းအဝေးတွေကို မြန်မာနိုင်ငံက နိုင်ငံ ရေးအရ ကိုယ်စားမပြုတဲ့ပုဂ္ဂိုလ်ကိုသာ အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံက ဖိတ်ကြားခဲ့ရာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ် (၅) မှာ ဖော်ပြချက်နဲ့ သိသာထင်ရှားစွာ သွေဖည်နေတာကြောင့် မြန်မာနိုင်ငံက ကိုယ်စားလှယ်တက်ရောက်ခဲ့ခြင်းမရှိခဲ့ကြောင်း နစကရဲ့ သတင်းထုတ်ပြန်မှုမှာ ဖော်ပြထားပါတယ်။

Most Viewed

Most Recent