အမေရိကန်က မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေဖြစ် ကြေညာ
အမေရိကန်က မျောက်ကျောက်ရောဂါကို ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သြဂုတ် ၄ ရက်က ကြေညာ ခဲ့ပြီး အဲဒီကြေညာချက်ကြောင့် မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ရန်ပုံငွေအသစ်တွေ၊ အချက်အလက်စုဆောင်းရယူမှုတွေ၊ ရောဂါကူးစက်မှုဖြစ်ပွားနေတဲ နေရာတွေကို ကျန်းမာရေးလုပ်သားတွေစေလွှတ်မှုအစရှိတဲ့ စီမံချက်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။