RCSS/SSA က ဖမ်းဆီးရမိသည့် SSPP တပ်ဖွဲ့ဝင်နှင့် TNLA တပ်ဖွဲ့ဝင်များကို လွတ်မြောက်ခွင့်ပေး
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၂၀၂၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ /ရှမ်းပြည် တပ်မတော် RCSS/SSA နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ပေါင်းစုတို့တိုက်ပွဲတွေအကြား RCSS/SSA က ဖမ်းဆီးရမိသူတွေကို ဩဂုတ်လ ၆ ရက် နံနက် ၁၀ နာရီ်ခန့်က လွတ်မြောက်ခွင့်ပေးခဲ့တယ်လို့ Tai Freedom သတင်းဌာနရဲ့ဖော်ပြချက်အရ သိရပါတယ်။