ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ နျူကလီးယားစက်ရုံကို ခရိုင်းမီးယားဒေသနှင့် ချိတ်ဆက်ရန် ပြင်ဆင်နေဟု ယူကရိန်းနိုင်ငံပိုင် နျူကလီးယားစွမ်းအင်ကုမ္ပဏီ ပြောကြား
ရုရှားတပ်ဖွဲ့တွေက သူတို့ သိမ်းပိုက်ထားတဲ့ ယူကရိန်းအရှေ့တောင်ပိုင်းရှိ Zaporizhzhia နျူကလီးယားစက်ရုံကို ၂၀၁၄ ခုနှစ်က သိမ်းပိုက်ခဲ့တဲ့ ခရိုင်းမီးယားဒေသနဲ့ ချိတ်ဆက်ဖို့ ပြင်ဆင်နေပြီး နျူကလီးယားစက်ရုံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ပြောင်းလဲနေခြင်းအားဖြင့် စက်ရုံကို ထိခိုက်စေခဲ့ကြောင်း ယူကရိန်းနိုင်ငံပိုင် Energoatom နျူကလီးယား စွမ်းအင်ကုမ္ပဏီက ဩဂုတ် ၉ ရက်က သိရပါတယ်။