KNU ထိန်းချုပ်နယ်မြေများတွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး တပ်မဟာ (၁) နှင့် တပ်မဟာ (၃) နယ်မြေတွင် စစ်ဘေးရှောင် တစ်သိန်းခွဲကျော်ရှိကြောင်း KNU သတင်း ထုတ်ပြန်
ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေတွေမှာ တပ်မတော် ၊ နယ်ခြားစောင့်တပ် (BGF)နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့အကြား တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပြီး တပ်မဟာ (၁) နယ်မြေ ဒူးသထူးခရိုင်နဲ့ တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်တို့မှာ စစ်ဘေးရှောင် တစ်သိန်းခွဲကျော် သြဂုတ် ၁၄ ရက်က KNU က သတင်း ထုတ်ပြန်ခဲ့ပါတယ်။