သြဂုတ် ၁၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး တိုင်းဒေသကြီးအများစုတွင် နေရာကွက်၍ မိုးကြီးနိုင်
သြဂုတ် ၁၉ ရက်တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားကောင်း နေခြင်းကြောင့် တိုင်းဒေသကြီးအများစုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သြဂုတ် ၁၆ ရက်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။