ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်(၇)မြို့နယ်၌ ဝက်သက်ရောဂါဖြစ်ပွားသူ ၂၆၈ ဦးအထိရှိနေပြီး ကပ်ရောဂါအသွင် ဖြစ်ပွားနေ
၂၀၁၉ခုနှစ် ဇန်နဝါရီ(၁)ရက်ကနေ ဖေဖော်ဝါရီ(၄)ရက်အထိ (၃၅)ရက်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၇)မြို့နယ်မှာ ဝက်သက်ရောဂါဖြစ်ပွားသူ (၂၆၈)ဦးအထိရှိနေပြီး၊ သေဆုံးသူမရှိသေးပေမယ့် ကပ်ရောဂါအသွင် ဖြစ်ပွားနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှူးက ဒေါက်တာထွန်းမြင့်က ပြောပါတယ်။