နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် တောင်းဆိုမှုနှင့်ပတ်သက်၍ လုပ်ကြံသတ်ဖြတ်ခံရသူ ၃၅၀၀ ဦး၏ မိသားစုများအား မည်သို့ နှစ်သိမ့်ပေးရမည်ကို သိလိုကြောင်း ကုလအထူးကိုယ်စားလှယ်အား နစကဥက္ကဋ္ဌ ပြန်လည်မေးမြန်း
လုပ်ကြံသတ်ဖြတ်ခံရသူ ၃၅၀၀ ဦးရဲ့ မိသားစုတွေကို မည်သို့နှစ်သိမ့်ပေးရမယ်ဆိုတာကို သိလိုကြောင်း နိုင်ငံရေး အကျဉ်းသားတွေလွှတ်ပေးဖို့တောင်းဆိုမှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စား လှယ် မစ္စနိုလင်းဟေဇာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြန် လည်မေးမြန်းခဲ့ပါတယ်။