လူမှုကွန်ယက်တွင် ပျံ့နေသော ဘိုကလေးမြို့ရှိ ငရုတ်ဆီရောင်းသည့် နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးရောင်းသည်ဟု တိုင်ကြားမှုများကြောင့် ရှာဖွေရာမတွေ့ရှိသဖြင့် နစ်နာမှုအတွက် ကာယကံရှင် မိသားစုများက ရှင်းလင်း
Facebook စာမျက်နှာများပေါ်မှာ ပျံ့နှံ့နေတဲ့ ဘိုကလေးမြို့ အမှတ်(၁)ရပ်ကွက်၊ ခေတ်သစ်ကျောင်းလမ်း၊ အိမ်အမှတ် ၃၁ ရှိ ကျားမင်းငရုတ်ဆီရောင်းဝယ်ရေး နေအိမ်ကို နိုဝင်ဘာလ ၁၉ ရက် နေ့လယ်ပိုင်းက မူးယစ်ဆေးဝါးရောင်းချနေသည်ဟု သတင်းပေးတိုင်ကြားမှုများအရ ရဲတပ်ဖွဲ့မှ အရပ်ဝတ်နဲ့ ဝင်ရောက်ရှာဖွေမှုမှာ မတွေ့ရှိခဲ့ဘဲ ကာယကံရှင်မိသားစုများအနေနဲ့ အရှက်သိက္ခာကျစေတဲ့အတွက် နစ်နာသူ မိသားစုဝင်တွေက ရှင်းလင်းပြောကြားပါတယ်။