နစက၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် PNLO ၊ LDU ၊ ALP ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့အဖြစ် တွေ့ဆုံ ဆွေးနွေး (ရုပ်သံ)
နိုင်ငံတော်စီမံအုပ်ချုပ်ရေး ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဒုတိယဥက္ကဋ္ဌတို့ ဦးဆောင်တဲ့ ငြိမ်း ချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ တတိယနေ့အဖြစ် နေပြည်တော်မှာရှိတဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှုဗဟိုဌာနအစည်းအဝေးခန်းမမှာ သြဂုတ်လ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။