ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့၏ ရွေးကောက်ပွဲအမှု စက်တင်ဘာ ၂ ရက်တွင် အမိန့်ချမည်
ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးမင်းသူတို့အား စွဲချက်တင်ထားသည့် ရွေးကောက်ပွဲအမှု အပြီးသတ်လျှောက်လဲချက်ပေးခဲ့ပြီး စက်တင်ဘာ ၂ ရက်တွင် အမိန့်ချမည် (ရုပ်သံ)
၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို မလျော်ဩဇာလွှမ်းမိုးမှုတွေရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းသူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၁၃၀-က ဖြင့် စွဲချက်တင်ထားတဲ့ အမှုနဲ့ ပတ်သက်ပြီး နှစ်ဖက်ရှေ့နေတွေက အပြီးသတ်လျှောက်လဲချက် ပေးခဲ့ကြတယ်လို့ အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။