နစကဒုတိယဥက္ကဌနှင့် ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရုရှားနိုင်ငံတွင် တွေ့ဆုံ၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ ဆွေးနွေး
ရုရှားဖက်ဒရေးရှင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဦးဆောင်တဲ့ မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့နဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ သြဂုတ် ၂၆ ရက်က ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တယ်လို့ သိရပါ တယ်။