စက်သုံးဆီနှင့်စားသုံးဆီ လုပ်ငန်းရှင်များအတွက် ဘဏ်များမှတစ်ဆင့် Trade Financing ဒေါ်လာသန်း ၂၀၀ ထောက်ပံ့ပေးလျက် ရှိပြီး လိုအပ်ပါက ထပ်မံဖြည့်ဆည်းပေးရန် စီစဉ်ထားဟု ဗဟိုဘဏ် ထုတ်ပြန်
ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီနဲ့ စားသုံးဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေအတွက် AD လိုင်စင်ရဘဏ်တွေကနေတစ်ဆင့် Trade Financing အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့ပေးလျက်ရှိပြီး လိုအပ်ပါက Trade Financing ကို ထပ်မံ ဖြည့် ဆည်းပေးဖို့ စီစဉ်ထားရှိပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။