ယူကရိန်းတပ်ဖွဲ့များက ဇာပိုရီရှားနျူကလီးယားဓာတ်အားပေးစက်ရုံကို သိမ်းပိုက်ရန် ကြိုးပမ်းခဲ့ဟု ရုရှား ပြောကြား
ယူကရိန်းတပ်ဖွဲ့တွေဟာ စက်တင်ဘာ ၂ ရက်က တိုက်ခိုက်မှုတစ်ခုမှာ ဇာပိုရီရှားနျူကလီးယားစွမ်းအင်သုံးဓာတ်အား ပေးစက်ရုံကို သိမ်းပိုက်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၃ ရက်မှာ ပြုလုပ်တဲ့ နေ့စဉ် သတင်း ထုတ်ပြန်မှုမှာ ပြောကြားခဲ့ပါတယ်။