ရဟတ်ယာဉ် ငှားရမ်းခြင်းနှင့် ပတ်သက်၍ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိဖြင့် တရားစွဲထားသည့် အမှုများအတွက် လူကယ်ပြန် ညွှန်ချုပ်အား စစ်ဆေး
ရဟတ်ယာဉ် ငှားရမ်းတာနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲထားတဲ့ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ နဲ့ ၄၇ အတွက် တရားလိုပြသက်သေ လူကယ်ပြန် ညွှန်ကြားရေးမှူးချုပ်ကို စစ်ဆေးခဲ့တယ်လို့ အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့ သတင်းတွေအရ သိရပါတယ်။