လျှို့ဝှက်အက်ဥပဒေဖြင့် စွဲချက်တင်ထားသည့်အမှုအတွက် ဦးဆက်အောင်အား စစ်ဆေးခဲ့ပြီး လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက် ပေးရမည်
ဒေါ်အောင်ဆန်းစုကြည်၊ စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းနဲ့ ဦးစိုးဝင်း၊ ဒုတိယဝန်ကြီးဟောင်း ဦးဆက်အောင်၊ သြစတြေးလျ နိုင်ငံသား မစ္စတာရှောင်တာနယ်တို့ကို မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် စွဲချက်တင်ထားတဲ့ အမှုနဲ့ ပတ်သက်ပြီး လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲချက်ပေးရမယ်လို့ သိရပါတယ်။