ဂျပန်တွင် အင်အားပြင်းမုန်တိုင်းဝင်ရောက်တိုက်ခတ်နေသဖြင့် သန်းနှင့် ချီသည့် ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန် (ရုပ်သံ)
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ စက်တင်ဘာ ၁၈ ရက်က အင်အားပြင်း တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့အတွက် လူအများအပြား ဘေးလွတ်ရာနေရာတွေမှာ ခိုလှုံခဲ့ကြပြီး အာဏာပိုင်တွေကလည်း သန်းနဲ့ ချီတဲ့ ဒေသခံတွေကို နေရာရွှေ့ပြောင်းကြဖို့ တိုက်တွန်းခဲ့ပါတယ်။