စက်တင်ဘာ ၂၀ ရက်မနက်ခင်းသတင်းအစီအစဉ် (တိုက်ရိုက်ထုတ်လွှင့်မှု)
■ ဖုန်းဆင်းမ်ကတ် မှတ်ပုံတင်ပြုလုပ်ထားသည့် အမည်၊ နိုင်ငံသား စိစစ်ရေးကတ်ပြားအမှတ်တိုကို လဝကရှိ အချက်အလက်များဖြင့် တိုက်ဆိုင်စစ်ဆေးမည်ဖြစ်ပြီး မှန်ကန်မှုမရှိပါက ဆင်းမ်ကတ် အပြီးပိတ်သိမ်းမည်
■ စေပိုင်ကုမ္ပဏီပိုင်ရှင် ဦးမောင်ဝိတ်ထံမှ ဒေါ်လာ ငါးသိန်းခွဲ ရယူမှုစွဲချက်ဖြင့် အဂတိဖြင့် စွဲချက်တင်ထားသည့် အမှုအတွက် ယနေ့ရုံးချိန်းတွင် ဒေါ်အောင်ဆန်းစုကြည်အား စစ်ဆေးမည်
■ စက်တင်ဘာ ၁၉ ရက် ပြင်ပဈေးကွက်တွင် ပြည်တွင်းရွှေဈေးနှုန်း တစ်ကျပ်သားလျှင် ကျပ် ၂၈၇၀ဝဝဝ ဝန်းကျင်ထိ ပြန်လည်ကျဆင်း
■ အထူးစစ်ဆင်ရေးအတွက် ရုရှားစစ်တပ်က စစ်သားသစ်များကို လစာများပြားစွာပေးမည်ဟု မက်လုံးပေးကာ စုဆောင်းလျက်ရှိ
■ ယူကရိန်းတွင်ဆင်နွှနေသော ရုရှားစစ်ပွဲကို ထောက်ခံမည်ဆိုပါက တရုတ်ရင်းနှီးမြှုပ်နှံမှု ထိခိုက်မည်ဟု အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က တရုတ်သမ္မတရှီကျင်းပင်ကို သတိပေး
■ ချန်ပီယံလောင်းစာရင်းတွင် အာဆင်နယ်ကို အလန်ရှီးယား ထည့်သွင်းခြင်း မရှိ