အထူးစစ်ဆင်ရေးအတွက် ရုရှားစစ်တပ်က စစ်သားသစ်များကို လစာများပြားစွာပေးမည်ဟု မက်လုံးပေးကာ စုဆောင်းလျက်ရှိ
ယူကရိန်းမှာ အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ စစ်ဆင်ရေးအတွက် စာချုပ်နဲ့ အလုပ်လုပ်မယ့်စစ်သားတွေကို အလိုရှိနေတဲ့ ရုရှား စစ်တပ်က မက်လုံးအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၃ဝဝဝ နီးပါးပေးမယ်လို့ ကမ်းလှမ်းကာ ဆန္ဒအလျှောက် စစ်ထဲ ဝင်လိုသူတွေကို စွဲဆောင်ဖို့ ရွေ့လျားစစ်သားစုဆောင်းရေး ထရပ်ကားတွေကို အသုံးပြုလျှက်ရှိတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။