ဘီးလင်းမြို့နယ်အတွင်း NLD ပါတီဝင်တစ်ဦး၏ နေအိမ်အပါအဝင်နေအိမ်သုံးလုံးအားအကြမ်းဖက်အဖွဲ့အစည်းများနှင့်ပတ်သက် နေသည်ဟုဆိုကာ ချိပ်ပိတ်ခံရ
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ပါတီဝင်တစ်ဦးရဲ့ နေအိမ်အပါအဝင် နေအိမ် (၃) လုံးကို အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်နေတယ်လို့ဆိုကာ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နဲ့ (၂၀) ရက်နေ့တွေက ချိပ်ပိတ်ခံရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။