ကမ္ဘာအနီးမှ ဖြတ်သန်းသွားမည့်ဂြိုဟ်သိမ်ကို စက်တင်ဘာ ၂၆ ရက်တွင် နာဆာကအာကာသယာဉ်ဖြင့်ဝင်တိုက်၍ လမ်းကြောင်း လွှဲမည်
စကြဝဠာဝရာဆိုင်ရာအရာဝတ္ထုတွေက ကမ္ဘာပေါ်ရှိသက်ရှိတွေသေကြေပျက်စီးအောင်လုပ်ဆောင်တာကို လူသားတို့ ဟန့်တားရေးအတွက် အရေးပါတဲ့စမ်းသပ်မှုအတွင်း ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု လမ်းကြောင်းအနည်းငယ်လွဲသွားစေဖို့ အာကာသ ယာဉ်နဲ့ တမင်ဝင်တိုက်မှာဖြစ်ရာ အရင်က လူသားတို့ ဖြစ်မြောက်အောင်လုပ်ဆောင်နိုင်ခြင်းမရှိတဲ့ စွမ်းဆောင်မှုကို စက်တင်ဘာ ၂၆ ရက်မှာ နာဆာကကြိုးပမ်းမယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။