အနုပညာတစ်ခုဖန်တီးရာမှာ ရလဒ်ကောင်းကောင်းရဖို့အတွက် အချိန်များများပေးမယ်ဆိုတဲ့ အေးမြတ်သူ
ယခုနောက်ပိုင်း မြန်မာ့ရုပ်ရှင်လောကမှာ အပြောင်းအလဲများစွာ ဖြစ်ပေါ်လာခဲ့ပြီး ဇာတ်ကားရိုက်ကူးမှုတွေကိုလည်း အချိန်ယူပြီး ရလဒ်ကောင်းရရှိဖို့ လုပ်ဆောင်လာကြပါတယ်။ လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတွေ အားကောင်းနေပြီး အရည်အသွေးကောင်းတဲ့ ရုပ်ရှင်ဇာတ်ကားတွေလည်း ထွက်ပေါ်လာတာကြောင့် အနုပညာဖန်တီးမှုတစ်ခုမှာ ရလဒ်ကောင်းကောင်းရဖို့အတွက် အချိန်ပေးပြီး လုပ်ဆောင်သွားမယ်လို့ သရုပ်ဆောင် အေးမြတ်သူ ပြောပါတယ်။