ဖားကန့်ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဉ်တွင် ဒဏ်ရာရရှိခဲ့သူများကို လိုအပ်သည့် အရေးပေါ်ဆေးကုသခွင့်ပြုရန် တောင်းဆိုကြောင်း UN ထုတ်ပြန်
ဖားကန့်ရှိ ကေအိုင်ကေ တပ်မဟာ (၉)မှာ ကျင်းပတဲ့ (၆၂) နှစ်မြောက် KIO ထူထောင်ရေးနေ့ အကြိုပွဲ ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဉ်မှာ ဒဏ်ရာရရှိခဲ့သူတွေကို လိုအပ်တဲ့ အရေးပေါ်ဆေးကုသခွင့်ပြုဖို့ ကုလသမဂ္ဂ (UN) က အောက်တိုဘာ ၂၄ ရက်မှာ ကြေညာချက်ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။