တရုတ်ပြည်မကြီးမှ ဒေသခံတွေအနေနဲ့ နိုဝင်ဘာ ၁ ရက်မှ စတင်ပြီး အွန်လိုင်းဗီဇာစနစ်ကို အသုံးပြုကာ မကာအိုသို့ သွားရောက် လည်ပတ်ခွင့်ရရှိမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပြီး ကပ်ရောဂါကန့်သတ်ချက်စည်းမျဉ်းတွေနဲ့ နှစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံးလောင်းကစားမြို့ဖြစ်တဲ့ မကာအိုသို့ ခရီးသွားလာမှုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါတယ်။