တောင်ကိုရီးယား ဟောလိုးဝင်းနေ့ လူသေဆုံးမှုဖြစ်စဉ်နှင့်ဆက်နွှယ်၍ စုံစမ်းစစ်ဆေးခံနေရသည့် ရဲအရာရှိတစ်ဦးကို သေဆုံး လျက်တွေ့ရှိ
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ဟောလိုးဝင်းနေ့ လူအုပ်ကသောင်းကနင်းဖြစ်စဉ်ကြောင့် သေဆုံးသူ ၁၅၀ ကျော်ရှိခဲ့တဲ့ ဖြစ်စဉ်နဲ့ဆက်နွှယ်ပြီး စုံစမ်းစစ်ဆေးခံနေရတဲ့ ရဲအရာရှိတစ်ဦးကို နိုဝင်ဘာ ၁၁ ရက်က သေဆုံးလျက်တွေ့ရှိခဲ့တယ် လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။