အမေရိကန် - အာဆီယံသဘောတူညီချက်အသစ်သည် အကြီးမားဆုံးပြဿာနာများကို ဖြေရှင်းနိုင်ရန် အဓိကခြေလှမ်းဖြစ်ဟု ဘိုင်ဒင် ပြောကြား
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေတက်ရောက်မှုနဲ့အတူ အာဆီယံခေါင်းဆောင်တွေက နိုဝင်ဘာ ၁၂ ရက်က ဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပြီး ဘိုင်ဒင်က အမေရိကန် - အာဆီယံသဘောတူညီချက်အသစ်ဟာ လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြီးမားဆုံးပြဿနာတွေကို ဖြေရှင်းဖို့ အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ နှုတ်ခွန်းဆက်ပြောကြားခဲ့ပါ တယ်။