ဖားကန့်မြို့နယ်တွင် ကြိုးတုပ်ခံရပြီး ဓါးဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိ
ဖားကန့်မြို့နယ် အေးမြသာယာရပ်ကွက်နဲ့ မှောင်မောင်းလျန်ကျေးရွာကြားမှာ ကြိုးတုပ်ခံထားရပြီး မျက်နှာကို တိပ်နဲ့ ပတ်ခံထားရတဲ့ အမျိုးသားတစ်ဦး ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတာကို နိုဝင်ဘာ ၁၅ ရက်မနက်ပိုင်းက ဒေသခံတွေက တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။