ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေသည့်တိုင် မတူကွဲပြားမှုများကို ကိုင်တွယ်ရန်ရည်မှန်းထား
သမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတရှီကျင်းပင်တို့၏ တွေ့ဆုံမှုတွင် ထိုင်ဝမ်အရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲနေသည့်တိုင် မတူကွဲပြားမှုများကို ကိုင်တွယ်ရန်ရည်မှန်းထား
တင်းမာနေတဲ့ အမေရိကန်-တရုတ်ဆက်ဆံရေးကြောင့် စစ်အေးကာလသစ်ဆီသို့ ရောက်ရှိမလာအောင် တားဆီးဖို့ ရည်ရွယ်တဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့ရဲ့ နိုဝင်ဘာ ၁၄ ရက်က တွေ့ဆုံမှုမှာ ခေါင်းဆောင်နှစ်ဦးဟာ သုံးနာရီကြာ ဆွေးနွေးခဲ့ကြပြီး ထိုင်ဝမ်နဲ့ မြောက်ကိုရီးယားအရေးတို့နဲ့ ပတ်သက်ပြီး ဘွင်းဘွင်းရှင်းရှင်း ဆွေးနွေးခဲ့ကြပါတယ်။