နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲ တိုက်ရိုက်ထုတ်လွှင့်မှု )
■ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ လုပ်ကြံသတ်ဖြတ်ခံရမှုကြောင့် သံဃာတော် ၆၇ ပါး၊ သီလရှင်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ပညာရေးဝန်ထမ်း ၄၀ ဦးနှင့် ကျန်းမာရေးဝန်ထမ်း ၁၃ ဦးသေဆုံး
■ နစကလက်ထက်တွင် ချေးငွေရယူထားခြင်းမရှိကြောင်းနှင့် ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလျံရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
■ ပုဇွန်တောင်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် E-Cigarettes အရောင်းဆိုင်အတွင်းသို့ လူခြောက်ဦးခန့်က ဝင်ရောက်ပြီး သိန်း ၇၀ ကျော်တန်ဖိုးရှိ ပစ္စည်းများ ခိုးယူမှုဖြစ်ပွား
■ ရခိုင်ပြည်နယ်မြောက်ပိုင်းမြို့များသို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိသည့် မဟာဓာတ်အားလိုင်းတာဝါတိုင် ဖောက်ခွဲခံရ
■ လေယာဉ်ပစ်ချခဲ့သည့်အတွက် ပြစ်ဒဏ်စီရင်ခံရသူများကို လွှဲပြောင်းပေးရန် ဩစတြေးလျက ရုရှားကို တောင်းဆို
■ ရုရှားကဒုံးကျည်များဖြင့်အဆက်အပြတ်တိုက်ခိုက်မှုများကြောင့် ယူကရိန်းဝေဟင်ကာကွယ်ရေး ဖိအားရှိနေပြီး အဆင့်မြင့်လက်နက် များပေးပို့ရန် ကိယက်ဗ်က အမေရိကန်ကို ဖိအားပေး
■ နိုင်ဂျီးရီးယားကလေးငယ် (၁၂၀)၏ ခွဲစိတ်ကုသမှုကို ဆာကာ ကူညီ