နစကလက်ထက်တွင် ချေးငွေရယူထားခြင်းမရှိကြောင်းနှင့် ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလျံရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ပြောကြား
နစကလက်ထက်မှာ ချေးငွေရယူထားခြင်းမရှိတဲ့အတွက် တချို့လုပ်ငန်းတွေ ရပ်ဆိုင်းထားရပြီး ၂၀၂၂ ခုနှစ် ဇွန်လကုန်အထိ ပြည်ပကြွေးမြီ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၈ ဘီလျံရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။