တရုတ်နှင့် ရုရှားသည် အငြင်းပွားမှုများကို အင်အားသုံးဖြေရှင်းသည့်ကမ္ဘာဖြစ်စေရန် ကြိုးပမ်းနေကြောင်း အမေရိကန်ကာကွယ်ရေး ဝန်ကြီး ပြောကြား
တရုတ်နဲ့ ရုရှားဟာ အငြင်းပွားမှုတွေကို အင်အားသုံးဖြေရှင်းတဲ့ကမ္ဘာမျိုး ဖြစ်စေဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က နိုဝင်ဘာ ၁၉ ရက်ကသတိပေးခဲ့ပြီး အမေရိကန်ဟာ နိုင်ငံတကာဥပဒေနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအခြေခံမူတွေကို ဆက်လက်ကာကွယ်သွားမယ်လို့ ကတိပြုခဲ့ပါတယ်။