ဘင်္ဂါလီအရေး လာရောက်စစ်ဆေးရန် ဘင်္ဂလားဒေ့ရှ်သို့ ICC လာရောက်မှုကို အပြည့်အဝကူညီသွားမည်ဟု ဝန်ကြီးချုပ် ကတိပေး
ဘင်္ဂါလီအရေးကို ပဏာမအဆင့် လာရောက်စစ်ဆေးမယ့် ICC ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတဲ့အနေနဲ့ လိုအပ်တဲ့ အကူ အညီတွေအစွမ်းကုန်ပေးသွားမယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာဆီနာက ဖေဖော်ဝါရီ ၁၅ ရက်မှာ ကတိပေးလိုက်ကြောင်း The Daily Star သတင်းတစ်ရပ်မှာ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။