ချီကာဂိုမြို့ရှိ ဆေးရုံတစ်ရုံတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့၍ ရဲတပ်ဖွဲ့ဝင်တစ်ဦးနှင့် သေနတ်သမား အပါအဝင် လေးဦး သေဆုံး
အမေရိကန်နိုင်ငံ၊ ချီကာဂိုမြို့ရှိ ဆေးရုံတစ်ရုံမှာပစ်ခတ်မှုဖြစ်ပွားခဲ့တာကြောင့် ဆရာဝန်တစ်ဦး၊ ဆေးအကူ ဝန်ထမ်းတစ်ဦးနဲ့ ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ပြီး သေနတ်သမားကိုယ်တိုင်လည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။