ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ် စိတ်တိုဒေါသထွက်မှုများ မြင့်တက်နေချိန် တရုတ်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြမှုများဖြစ်ပွား
တရုတ်အစိုးရရဲ့ သဘောထားတင်းမာတဲ့ ကိုဗစ်ကင်းစင်ရေးမူဝါဒအပေါ်အများပြည်သူတွေရဲ့ကန့်ကွက်မှုတွေ မြင့်တက် နေချိန် ရှန်ဟိုင်းမြို့မှာ နိုဝင်ဘာ ၂၇ ရက်အစောပိုင်းက လမ်းတွေပေါ်မှာ ဒေါသဖြစ်နေတဲ့ လူအုပ်ကြီးတွေရဲ့ ဆန္ဒပြမှုတွေအပြင် တရုတ်နိုင်ငံတစ်ဝန်းရှိ အခြားမြို့တွေမှာလည်း ဆန္ဒပြမှုတွေဖြစ်ပွားနေတယ်လို့ လူမှုမီဒီယာမှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ သိရပါ တယ်။