ရုရှားတိုက်ခိုက်မှုများကြောင့် ယူကရိန်း၏ထိခိုက်ပျက်စီးနေသော စွမ်းအင်ကဏ္ဍအတွက် အမေရိကန်က ပမာဏများပြားသော ငွေကြေးအကူအညီပေးမည်
ရုရှားက တိုက်ခိုက်ခြင်းကြောင့် ယူကရိန်းရဲ့ စွမ်းအင်အခြေခံအဆောက်အအုံတွေ ထိခိုက်ဆုံးရှုံးမှုတွေကို ကိုယ်တွယ် ဖြေရှင်းရာမှာ အထောက်အကူဖြစ်စေရေးအတွက် အမေရိကန်ပြည်ထောင်စုက ယူကရိန်းအတွက် ပမာဏများပြားတဲ့ ဘဏ္ဍာရေး အကူအညီကို နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်မယ်လို့ မျှော်လင့်ကြောင်း အကြီးတန်းအမေရိကန်တာဝန်ရှိသူတွေက ပြောပါတယ်။