သထုံမြို့နယ်ထောင်မှူးကျေးရွာရှိ သီလရှင်စာသင်တိုက်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး သီလရှင်ဝတ်ရုံ၊ ဓမ္မာစရိယတန်း စာအုပ်များအပါအဝင် အသုံးအဆောင်ပစ္စည်းများ အရေးပေါ်လိုအပ်နေ
သထုံမြို့နယ် ထောင်မှူးကျေးရွာရှိ ပါဋိမဉ္ဇူသီလရှင်စာသင်တိုက်ရှိ နှစ်ထပ်ကျောင်းဆောင်မှာ နိုဝင်ဘာ ၂၉ ရက် မနက် ၇ နာရီခွဲခန့်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး လက်ရှိမှာသီလရှင်ဝတ်ရုံအပါအဝင် ဓမ္မာစရိယတန်းစာအုပ်စာတမ်းတွေ၊ စာရေးကရိယာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ အစောတလျင်လိုအပ်နေကြောင်း သိရပါတယ်။