ရွေးကောက်ပွဲတွင် မလျော်သြဇာသုံးခဲ့ကြောင်းစွဲချက်ဖြင့် တရားစွဲဆိုခံရသည့်အမှုအတွက် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ ထောင်ဒဏ် နှစ်နှစ် ချမှတ်ခံရ
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မလျော်ဩဇာသုံးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲဆိုထားတဲ့အမှုနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံကို ဒီဇင်ဘာ ၆ ရက်က ထောင်ဒဏ် နှစ်နှစ် ချမှတ်ခဲ့ကြောင်း တရားရုံးနဲ့ နီးစပ်သူတွေထံမှ သိရပါတယ်။