တရုတ်တွင် Covid – 19 ကူးစက်မှုနှုန်း မြင့်တက်နေသောကြောင့် ဆေးရုံများနှင့် အရေးပေါ်အခန်းများကို တိုးချဲ့ (ရုပ်သံ)
တရုတ်အစိုးရက လူပေါင်းသန်းချီကို နေအိမ်အတွင်းမှာသာ နေထိုင်စေပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေ ကာ ဆန္ဒပြမှုတွေကို ဖြစ်ပွားစေတဲ့ ကပ်ရောဂါစီမံချက်ကို လျှော့ချခဲ့ချိန်မှာ တရုတ်နိုင်ငံမှာ Covid – 19 ကူးစက်မှုနှုန်း မြင့်တက် နေတာကြောင့် အထူးကြပ်မတ်ကုသဆောင်နေရာတွေကို ပိုမိုတိုးချဲ့ဆောက်လုပ်နေပြီး ဆေးရုံတွေကို ပိုမိုကြံ့ခိုင်အားကောင်းစေ ဖို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။