ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် တရားစွဲဆိုထားသည့် ရဟတ်ယာဉ်အမှုနှစ်မှုအတွက် ခံပြသက်သေအဖြစ် ဦးဟင်နရီဗန်ထီးယူကို စစ်ဆေး
ရဟတ်ယာဉ်ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုထားတဲ့ အမှုတွေအတွက် တရားခံပြသက်သေအဖြစ် ဒုတိယသမ္မတဟောင်း ဦးဟင်နရီဗန်ထီးယူကို စစ်ဆေးခဲ့တယ်လို့ အမှုနဲ့ ပတ်သက်ပြီး ထွက်ပေါ်လာတဲ့သတင်းတွေအရ သိရပါတယ်။